စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံများလည်း စိုက်ပျိုးကြကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာဟူ၍(၂)မျိုးရှိကြောင်း ဆောင်းနေကြာ ကို ရာသီဥတုပေါ်မူတည်၍ အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှ ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် ဇန်နဝါရီလ တတိယပတ်အတွင်း နေကြာတစ်တင်းလျှင် (၆၂၀၀၀)ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်ခဲ့ပြီး စတုတ္ထပတ်အတွင်း နေကြာတစ်တင်းလျှင် (၆၀၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက် ရှိသောကြောင့် ဆီနေကြာ(၁)တင်းလျှင် (၂၀၀၀)ကျပ် ဆက်လက်ကျဆင်းသွားကြောင်း ပွဲရုံလုပ်ငန်း ရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)