
အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်ဈေးကွက်သို့ red snapper ပင်လယ်ငါး တင်ပို့မှု အရှိန်မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားကုန်သွယ်ရေး သံမှူး Ranitya Kusumadewi ၏ အဆိုအရ သိရပါသည်။ သံမှူးသည် အင်ဒိုနီးရှား၏ ပင်လယ်စာတင်ပို့မှုတိုးချဲ့ရန်အတွက် အခွင့်အလမ်းမျာကိုဆွေးနွေးရန် မေရီလင်းပြည်နယ် ကိုလမ် ဘီယာမြို့တွင် ပင်လယ်စာထုတ်ကုန်တင်သွင်းသည့်လုပ်ငန်းဖြစ်သည့် Charoen Pokphand Foods (CPF) နှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ ထိုအစည်းအဝေးအတွင်း သံမှူးသည် အမေရိကန်ဈေးကွက်အတွင်း ပင်လယ်စာထုတ်ကုန်များအတွက် ဝယ်လိုအား ကြီးထွားလာမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ CPF အစရှိသည့် သွင်းကုန် လုပ်ငန်းများသည်လည်း ထုတ်ကုန်အမျိုးအစားကွဲပြားစွာ တင်သွင်းမှုမြင့်တက်လာကြောင်း သိရပါသည်။ ကုမ္ပဏီသည် တူနာ၊ ကင်းမွန်နှင့် တီလားပီးယားငါးအစရှိသည့် အခြား ထုတ်ကုန်များ အား အမျိုးအစားကွဲပြားစွာ တင်သွင်းလျှက်ရှိကြောင်း သိရပါသည်။ red snapper အတွက် CPF ၏ဝယ်လိုအားသည် ပျမ်းမျှတစ်လလျှင် ကွန်တိန်နာ ၂၀ ပတ်လည် ရှိကြောင်း သိရပါသည်။ ထိုသို့ကနဦးတင်ပို့နိုင်ပါက ထိုငါးအတွက် နှစ်စဉ် ခန့်မှန်းအမေရိကန် ဒေါ်လာ ၂.၅ သန်း ရရှိမည်ဟု သိရပါသည်။ သံမှူးက အင်ဒိုနီးရှားသည် CPF နှင့်မိတ်ဆက် ပေးနိုင်ရန်အတွက် အလာအလာရှိသော ရောင်းချသူများကိုစုစည်းရာ သက်ဆိုင်ရာလုပ်ငန်း ရှင်များနှင့်လုပ်ကိုင်သွားမည်ဟု သိရပါသည်။ တင်ပို့မှုတိုးချဲ့ရန်အလားအလာနှင့်ပတ်သတ်၍ ဆွေးနွေးချင်အပြင် အင်ဒိုနီးရှားတင်ပို့သူများသည် တူနာ၊ Grouper ငါး၊ တီလားပီးယားငါးနှင့် ကင်းမွန်အစရှိသည့် အခြားပင်လယ်စာထုတ်ကုန်များတင်ပို့နိုင်ရန် အခွင့်အလမ်းများကို ရှာဖွေသွားမည်ဟု သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်သည် အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံဖြင့် ကမ္ဘာ့အကြီးဆုံးရေထွက်ကုန်တင်သွင်းသည့်နိုင်ငံဖြစ်ကြောင်း သိရပါသည်။ အမေရိကန်ကအဓိကတင်သွင်းသည့်ရေထွက်ကုန်များမှာ ပုဇွန်၊ ဆယ်မွန်၊ တူနာနှင့် အဖြူရောင်ငါးတို့ဖြစ်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှားသည် အမေ ရိကန်ဒေါ်လာ ၁.၁၅ ဘီလီယံဖြင့် အမေရိကန်၏ ၇ မြောက်အကြီးမားဆုံးတင်သွင်းသည့် နိုင်ငံဖြစ်ကြောင်း သိရပါသည်။ အမေရိကန်သို့အဓိကရေထွက်ကုန်တင်ပို့သည့် နိုင်ငံများတွင် ချီလီကဦးဆောင်နေပြီး ၎င်း၏နောက်တွင် ကနေဒါ၊ အိန္ဒိယ၊ အီကွေဒေါနှင့်နော်ဝေတို့ ရပ်တည်နေကြောင်း သိရပါသည်။
DOCA(ရန်ကုန်)