
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အသင့်စားမုန့် ကိတ်မုန့်လုပ်ငန်းများအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာပါရှိစေရေးအတွက် (၂၁.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မင်းဘူးမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ အောင်မြင်သူ ကိတ်မုန့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
“အောင်မြင်သူ” ကိတ်မုန့်လုပ်ငန်းမှ ထုတ်လုပ်သည့် ကိတ်မုန့်များတွင် စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိ ကြောင်း စစ်ဆေးတွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင် အား စားသုံးသူ ကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ(၄၁)တွင် ပါရှိသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အကြောင်းအရာ(၈)ချက်အားလည်းကောင်း၊ အခန်း(၁၀)၊ ပုဒ်မ(၂၁)ပါ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များဖြစ်သည့် အချက်(၁၁)ချက်အားလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)