
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့် တာဝန် များအား သိရှိစေရန် ရည်ရွယ်၍ အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက် လျက်ရှိပါသည်။
ပခုက္ကူခရိုင်အနေဖြင့် ဖေဖေါ်ဝါရီလအတွင်း ဒုတိယခရိုင်ဦးစီးမှူး၊ ပခုက္ကူမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့နယ်ရှိ ဆုကြီးပန်ပညာသင်ကျောင်း၊ အမှတ်(၁၃၄) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၄၅)အခြေခံပညာမူလတန်းလွန်ကျောင်း၊ အမှတ်(၇)အခြေခံ ပညာမူလတန်း စာသင်ကျောင်းများသို့ အသိပညာပေး စုစုပေါင်း(၄)ကြိမ်၊ ဆိပ်ဖြူမြို့နယ်အတွင်း အသိပညာပေးဆောင်ရွက်မှုအနေဖြင့် မြို့နယ်တာဝန်ခံက ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းသို့ (၁)ကြိမ်၊ ဆိပ်ဖြူမြို့ ယောဝရပ်ကွက် အခြေခံပညာမူလတန်းကျောင်းသို့ (၁)ကြိမ် အသိပညာပေး စုစုပေါင်း(၂)ကြိမ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါခရိုင်အတွင်း အသိပညာပေးဆောင်ရွက်မှုအနေဖြင့် မြို့နယ်တာဝန်ခံက ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းသို့(၁)ကြိမ် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ပခုက္ကူနှင့်ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ အသိပညာပေးဆောင်ရွက်မှု စုစုပေါင်း(၇)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)