Main menu

ချောင်းဆုံမြို့နယ်ရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

            ၃.၃.၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် သက်တမ်းကုန်ဆုံးလျက်ရှိသော သောက်ရေသန့် အလုပ်ရုံ၊စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ချောင်းဆုံမြို့နယ်အတွင်းရှိ ဇမ္ဗူသောက်ရေသန့်၊ ဝင်းလတ်သောက်ရေသန့်၊ ရွှေဇင်ယော် သောက်ရေသန့် အလုပ်ရုံ၊ စက်ရုံများ၌ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်ပါရှိမှုရှိ/ မရှိ၊ သောက်ရေသန့်စက်ရုံများ၌ သန့်ရှင်းသပ်ရပ်မှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)