Main menu

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ပန်းသီးဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် ပန်းသီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ ပန်းသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ပန်းသီးအမျိုးအစားများမှာ အလုံးကြီးနှင့် အလုံးသေးနှစ်မျိုးရှိပြီး ၂၀၂၅ ခုနှစ် ၊ မတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံးကြီး(၃)လုံးလျှင် ၁၀၀၀၀ကျပ် (၁)လုံးလျှင် ၃၅၀၀ကျပ်၊ ပန်းသီးအလုံးသေး(၄)လုံးလျှင် ၁၀၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် ပန်းသီးများအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)