Main menu

ကွမ်းသီးဈေးနှုန်းဈေးကွက်

Powered by Drupal

          ကန်ကြီးထောင့်မြို့နယ်၏ ကွမ်းသီးဈေးနှုန်းမှာ ယခု မတ်လတွင် ဈေးနှုန်းအနည်းငယ် တက်လျက်ရှိကြောင်း သိရသည်။ ကွမ်းသီးအဖြူ (၁) ပိဿာလျှင် (၁၉၅၀၀) ကျပ်၊ ကွမ်းသီး အနီ (၁) ပိဿာလျှင် (၁၈၀၀၀) ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန်ကြီးထောင့်ဈေးအတွင်းရှိ ကွမ်းယာပစ္စည်းမျိုးစုံရောင်းဝယ်ရေးဆိုင်မှ သိရပါသည်။

          ယခင် ဖေဖော်ဝါရီလတွင် ကွမ်းသီးဖြူ (၁) ပိဿာလျှင် (၁၇၅၀၀) ကျပ် ကွမ်းသီး အနီ(၁) ပိဿာလျှင် ၁၆၅၀၀ ကျပ် ယခုမတ်လနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)