Main menu

ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား ရင်းရင်းနှီးနှီး နွေးထွေးစွာအားပေးတွေ့ဆုံခြင်း

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် သည် ၈-၄-၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊အစည်းအဝေးခန်းမ၌ အရာထမ်း၊အမှုထမ်းများနှင့် တွေ့ဆုံ၍(၂၈-၃-၂၀၂၅) ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများနှင့် ပတ်သက်၍ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နွေးထွေးစွာနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပြီး ထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)