Main menu

ပြည်မြို့နယ်တွင် ရောင်းချလျက်ရှိသော ဆူးပုတ်ဈေးနှုန်း

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ပေါ်ရပ်ကွက်များနှင့် တောင်ခွေးရဲကျေးရွာတွင် ဆူးပုတ်ပင်များစိုက်ပျိုးလျက်ရှိရာ ဆူးပုတ်ရွက်များကို ခူးဆွတ်ရောင်းချရသည့်အတွက် မိသားစု ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

  ဆူးပုတ်ပင်သည် ဆူးများရှိသော ချုံပင်ကြီးမျိုးဖြစ်သည်။ နွယ်တက်ပင်မျိုးဖြစ်ပြီး အရွက်အနံ့မှာ ပြင်းလွန်းသည်။ ဩဂုတ်လမှ အောက်တိုဘာလအတွင်း အပွင့်ပွင့်၍ အသီးသီးသည်။ အသီးတောင့် များသည် ၄ လက်မမှ ၈ လက်မအထိရှိသည်။ဆီးပုတ်ရွက်ကို ပြုတ်၍သော်လည်းကောင်း၊ ကြက်ဥ၊ ဘဲဥတို့နှင့်လည်းရော၍ ကြော်စားနိုင်သည်။ ငရုတ်သီးများဖြင့်လည်း ချက်၍ စားသုံးနိုင်သည်။

  ပြည်မြို့သစ်ဈေးတွင် ဆူးပုတ်ရွက်တစ်စည်းလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစု အပိုဝင်ငွေရရှိကြောင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးအောင်သန်းထံမှ သတင်းရရှိပါသည်။

DOCA(ပဲခူး)