Main menu

ပြည်မြို့ရှိဈေးကွက်များတွင် မြေပဲဆန်ဈေးအနည်းငယ်ကျလာ

Powered by Drupal

ပြည်ခရိုင်၊ ပြည်မြို့ရှိဈေးကွက်များတွင် ယခု ဇွန်လတတိယပတ်တွင် မြေပဲဆန် ဈေးများ အနည်းငယ်ကျဆင်းလာပါသည်။ ယခုအချိန်တွင် ပြည်ခရိုင်အတွင်းရှိ မြို့နယ်များမှ မိုးမြေပဲများ စိုက်ပျိုးနေချိန်ဖြစ်၍ မြေပဲဆန်မှ အနည်းငယ်သာဝင်ရောက်မှုရှိပြီး လက်ကျန်များဖြင့် သာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဈေးနှုန်းများအနေဖြင့် ဇွန်လတတိယပတ်တွင် ဆီကြိတ် မြေပဲဆန်(အဖြူ)တစ်ပိဿာလျှင် ၈၅၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၈၃၀၀ကျပ် နှင့် လုံးဆန် (အဖြူ)တစ်ပိဿာလျှင် ၉၈၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၉၃၀၀ကျပ်ဖြင့် အရောင်းအဝယ်မှာ တစ်နေ့လျှင် ပိဿာ(၂၀)ဝင်အိတ် ၂၀/၃၀ခန့် အရောင်းအဝယ်ဖြစ်သည်ဟု သိရပါသည်။ မြေပဲဆန်ဈေးမှာ ယခင်မေလကုန်ပတ်နှင့် နှိုင်းယှဉ်လျှင် ဆီကြိတ်မြေပဲဆန်(အဖြူ)တစ်ပိဿာလျှင် ၃၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၂၀၀ ကျပ် နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၂၀၀ ကျပ်၊ လုံးဆန်(အနီ)တစ်ပိဿလျှင် ၂၀၀ကျပ်ဖြင့် ယခုအပတ်တွင်ဈေးအနည်းငယ်ကျဆင်းလာပါသည်။ မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

DOCA(ပဲခူး)