
ပြည်ကုန်စည်ဒိုင်၊ ပြည်မြို့တွင် ပဲမျိုးစုံအရောင်အဝယ်ဖြစ်လျှက်ရှိပါသည်။ ဇွန်လ တတိယပတ်တွင် မတ်ပဲတစ်တင်းကို ၉၅၅၀၀-၉၆၀၀၀ ကျပ်ဈေးဖြင့် တစ်ရက်ကို အိတ်(၂၀၀/၂၅၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ပဲစင်ငုံတစ်တင်းကို ၈၅၀၀၀-၈၆၀၀၀ကျပ်ဖြင့် တခါတရံမှသာအရောင်းအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၂၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ဇွန်လတတိယပတ်တွင် ကုလားပဲ (HL) တစ်တင်းကို ၉၂၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၆၀၀၀-၉၆၅၀၀ကျပ် ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၃၀၀ခန့် အဝယ်ရှိပါသည်။ ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၁၀၀၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၉၀၀၀၀ကျပ်ဖြင့် ပဲကြီးဈေးမြင့်လာပြီး မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ခန့် အဝယ်ရှိပါသည်။ ဘိုကိတ်ပဲတစ်တင်းကို ၇၁၀၀၀-၇၂၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ခန့်ရှိပါသည်။ စားတော်ပဲ (ကျွန်း)တစ်တင်း ကို ၁၆၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၂၅/၅၀ခန့် ရှိပါသည်။
ပြည်ကုန်စည်ဒိုင်သည် အရောင်းအဝယ်အချက်အချာကျသောမြို့တွင်တည်ရှိသဖြင့် ပဲရောင်း ဝယ်မှုမှာသွက်လျှက်ရှိပါသည်။
DOCA(ပဲခူး)