Main menu

ဆောင်းကြက်သွန်နီ စိုက်ပျိုးထားရှိမှု၊ တစ်ဧကကုန်ကျစရိတ် အကျိုးအမြတ်ရရှိမှု

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်သည် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့်ဆေးရွက် ကြီးများကို စိုက်ပျိုးလျက်ရှိရာ   ဆောင်းကြက်သွန်နီသီးနှံကိုလည်း အဓိကစီးပွားဖြစ် စိုက်ပျိုးကြ ကြောင်း၊ မြင်းခြံမြို့နယ်တွင် ဆောင်းကြက်သွန်နီကို ၈၆၀၀ ဧက၊ တောင်သာမြို့နယ်တွင် ၉၂၀၄ ဧက၊ နွားထိုးကြီးမြို့နယ်တွင် ၂၃၉၄ ဧက၊ စုစုပေါင်း (၂၀၁၉၈) ဧက စိုက်ပျိုးခဲ့ရာတွင် စိုက်ဧက အားလုံးရာနှုန်းပြည့် ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၏ စာရင်းများ အရသိရသည်။

            ဆောင်းကြက်သွန်နီကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး ၄ လခန့် အကြာ မတ်လနှင့်ဧပြီလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း ‌ရွှေဖလားကြက်သွန်နီဥမျိုးကိုသာ စိုက်ပျိုး ကြောင်း၊ တစ်ဧကလျှင် (၄-၆) ပြည်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်းပြီး မျိုးပင်ရင့်ချိန်တွင် စိုက်ခင်းသို့ စိုက်ပျိုးကြပြီး၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက ကုန်ကျစရိတ်အနေဖြင့်လျှင် (၂၉) သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင်ပျှမ်းမျှ အထွက်နှုန်း (၃၃၀၀)ပိဿာ ခန့်ထွက်ရှိပြီး၊ တောင်သူများက မြင်းခြံမြို့နယ်ရှိပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြောင်း၊ ထွက်ပေါ်ချိန် ရောင်းဈေးအနေဖြင့် ဆောင်းကြက်သွန်နီ တစ်ပိဿာ ဈေးနှုန်းမှာ ၁၂၀၀ ကျပ် ပေါက်ဈေးဖြစ်ပြီး၊ တစ်ဧကလျှင် တောင်သူများအနေဖြင့် (၁၀)သိန်းခန့် အကျိုးအမြတ် ရရှိကြောင်း၊ ဒေသအတွင်းရှိကျေးရွာများမှ မြင်းခြံမြို့ပေါ်ပွဲရုံများသို့ လာရောက်ရောင်းချကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။  ယခုဇွန်လတတိယပတ်တွင် ဆောင်းကြက်သွန်နီ တစ်ပိသာလျှင်(၁၃၀၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ ထိုပွဲရုံများမှတဆင့် ရန်ကုန်မြို့၊ ဘုရင့်နောင် ပွဲရုံများသို့ အဓိကတင်ပို့ပြီး၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်မြို့များသို့လည်း တင်ပို့လျက် ရှိကြောင်း ဆောင်းကြက်သွန်နီသည် ပြည်တွင်း၊ ပြည်ပဈေးကွက်ရှိသဖြင့် တောင်သူများအတွက် အကျိုးအမြတ်ရရှိသောကြောင့် စီးပွားဖြစ်နှစ်စဉ်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)