
မန္တလေးစျေးကွက်အတွင်းသို့ မှိုအမျိုးမျိုးဝင်ရောက်လျက်ရှိပြီး၊ တွေ့ရှိမှုများသော အမျိုးအစားများမှာ ငွေနှင်းမှုံမှို၊ကောက်ရိုးမှို၊ အပ်မှို၊ မှိုကြက်တောင်၊ရှီတာကီမှို၊ တောင်ပို့မှို၊ဝါးမှိုများ ဖြစ်ပါ တယ်။စျေးကွက်အတွင်းသဘာဝအတိုင်းထွက်ရှိသည့်မှိုနှင့် စိုက်ပျိုးသည့်မှိုနှစ်မျိုးတွေ့ရှိရပါသည်။ မန္တလေးဒေသအတွင်း စိုက်ပျိုးထွက်ရှိသည့်မှိုအမျိုးမျိုးတို့အား တစ်နှစ်ပတ်လုံးတွေ့ရှိရပြီး၊ အများဆုံးတွေ့ရသော မှိုအမျိုးအစားများဖြစ်သည့် ငေွနှင်းမှုံမှို၊ ကောက်ရိုးမှိုနှင့်အပ်မှိုတို့မှာ အရောင်းသွက် ကြောင်းသိရပါသည်။ မှိုများကို အစိုအတိုင်းရောင်းချခြင်း၊ အခြောက်ခံ၍ ရောင်းချခြင်း၊ လူသုံးကုန်နှင့် စားသောက်ကုန်တို့တွင် ထည့်သွင်းအသုံးပြုကြောင်း သိရှိရပါတယ်။ မှိုအစားအစာမှာ ကျန်းမာရေးအဟာရဓာတ်စာတစ်မျိုးဖြစ်ပြီး၊ ဗီတာမင် နဲ့ သတ္ထုဓာတ်တွေအပြင် အရွယ်တင် နုပျိုစေတဲ့ antioxidant တွေ အများအပြားပါဝင်ခြင်း၊အရေးပြားပေါ်မှ ဆဲလ်သေများအစားဆဲလ် အသစ်ဖြစ် ပေါ်စေခြင်း၊ အမျှင်ဓါတ်နဲ့ မပြည့်ဝဆီတွေပေါကြွယ်ဝပြီး ကယ်လိုရီပါဝင်မှု နည်းခြင်း၊ ဗီတာမင်B အုပ်စု၊ အသားအရေအတွက် ကောင်းကျိုးများစွာပေးနိုင်တဲ့ ဗီတာမင် D နဲ့ ပိုတက်စီ ယမ်ဓါတ်အများ အပြားပါဝင်ခြင်း၊အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ် တဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ အင်ဇိုင်းနဲ့ ကစီဓာတ်များပါဝင်ခြင်း၊ ဘေးဥပါဒ် ဖြစ်စေတဲ့ အဆီနဲ့ ကိုယ်လက်စထရောတွေကိုလောင် ကျွမ်းစေခြင်း၊ သွေးထဲရှိသကြားဓာတ်ကို ထိန်းညှိ ပေးနိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ အလုပ်လုပ်နိုင်ရန် အတွက် အထောက်အကူပြုသည့် အစားအစာတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။ မှိုအစားအစာကို အသုတ်စုံ၊ ချက်စား၊ ကြော်စားပုံစံအမျိုးမျိုးဖြင့် တွေ့ရှိရပြီး၊ ကျန်းမာရေးဓါတ်စာဆေးအဖြစ်လည်းကောင်း အမျိုးမျိုးသုံးစွဲကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ဇွန်လတတိယပတ်အတွင်း မန္တလေးစျေးကွက်တွင် မှိုအမျိုးအစားအလိုက်ဖြစ်ပေါ်ခဲ့သည့်စျေးများမှာ ငွေနှင်းမှုံမှို တစ်ပိဿာလျှင် လက္ကားစျေး ၅၅၀ဝိ/-စျေး၊လက်လီစျေး ၇၀၀ဝိ/-နှင့် ၈၀၀ဝိ/-၊ ကောက်ရိုးမှိုတစ်ပိဿာလျှင် လက္ကားစျေး ၇၀၀ဝိ/-၊လက်လီ စျေး ၈၀၀ဝိ/- နှင့် ၉၀၀ဝ/- ၊ အပ်မှိုထုတ်(အထုတ်သေး ၁၀ ခုပါ)လက္ကားစျေး ၃၀၀၀ဝိ/- နှင့်လက်လီ စျေးအထုတ်(သေး)တစ်ထုတ်လျှင် ၃၅၀ဝိ/- စျေး အသီးသီးဖြစ်ပေါ်လျှက်ရှိကြောင်း မန္တလေးမြို့၊ ၄၁ လမ်း၊ ကမ်းနားလမ်း၊ ကုန်စိမ်းစျေးအတွင်း မှိုရောင်းချသူတစ်ဦးထံမှ သိရှိရပါတယ်။
DOCA(မန္တလေး)