Main menu

မိတ္ထီလာမြို့ ၊ ပေါ်ဆန်းဆန်ဈေးကွက်

Powered by Drupal

          မိတ္ထီလာဆန်ဈေးကွက်အတွင်း ဒေသတွင်းထွက်ရှိသော ဆန်များအပြင် ရွှေဘို၊ ဧရာဝတီ၊ မကွေးတိုင်းဒေသကြီးများမှ ဝင်ရောက်လာသော ဆန်အမျိုးအစား အလိုက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး   ဈေးကွက်တွင် အရပ်ပဒေသာ၊ ကုန်စောင်းပဒေသာ၊ အောက်ပြည် မနောသုခ၊ အရပ်သုခ၊ ဆင်းသုခ စသည့် ဆန်အမျိုးအစားများမှာအရောင်းသွက်လျက်ရှိပါသည်။

           ပေါ်ဆန်းဆန်ဈေးကွက်တွင်လည်း ရွှေဘိုမြို့မှဝင်သော ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီတိုင်းဒေသကြီးမှဝင်သော ပုသိမ်ပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ဝမ်းတွင်းဒေသမှထွက်ရှိသောအရပ်ပေါ်ဆန်းဟူ၍ အမျိုးမျိုးရှိကြပြီးလက်ရှိဈေးကွက်တွင်ရွှေဘိုပေါ်ဆန်းဈေးအနည်းငယ်မြင့်တက်လာသဖြင့် အရပ်ပေါ်ဆန်း ကိုသာအသုံးများကြကြောင်း၊ ယခုဇွန်လအတွင်း မိတ္ထီလာဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းမှာ အိတ်(၂၀၀) ပတ်ဝန်းကျင်သာ အဝင်ရှိကြောင်း၊ ဧရာဝတီပေါ်ဆန်းမှာအိတ် (၂၅၀)ခန့် နှင့်အရပ်ပေါ်ဆန်းများသာ အဝင်များကြောင်း၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင်(၁၅၅၀၀၀)ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ် လျှင် (၁၃၂၀၀၀)ကျပ်၊အရပ်ပေါ်ဆန်း တစ်အိတ်လျှင်(၁၂၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မိတ္ထီလာ၊မလှိုင်၊ သာစည်မြို့နယ်များ သို့ဖြန့်ဖြူးရောင်းချကြကြောင်း ဆန်ပွဲရုံများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)