Main menu

ရွှေဟင်္သာသရက်သီးနှင့် သရက်ပျိုးပင်ဈေးကွက်

Powered by Drupal

   မန္တလေးဈေးကွက်အတွင်းရှိ စိန်သလုံးသရက်သီးများ ဧပြီ၊ မေလများတွင် အများဆုံး ဝင်ရောက်ခဲ့ပြီး ဈေးနှုန်းချိုသာစွာဝယ်ယူစားသောက်ခဲ့ရသောကြောင့် ရောင်းပန်းဝယ်ပန်းသာခဲ့ ပါသည်။ ယခုဇွန်လဆန်းပိုင်းတွင် စိန်သလုံးသရက်သီးလက်ကျန်နည်းသွားပြီး ဝင်ရောက်မှုမရှိ တော့ဘဲ ဈေးကွက်အတွင်း အနည်းငယ်သာ ကျန်ရှိပါသည်။ ဈေးကွက်အတွင်း ဝင်ရောက်မှု အများဆုံးသရက်သီးများမှာ စိန်သလုံးသရက်ပြီးလျှင် ရွှေဟင်္သာသရက်သီးမျိုးဖြစ်ပါသည်။ ရွှေဟင်္သာသရက်သီးသည် အလုံးကြီးပြီး အသားများကာ မချိုမချဉ်အရသာရှိပါသည်။ မန္တလေး ခရိုင်အတွင်းထွက်ရှိသော သရက် သီးမျိုးဖြစ်ပြီး ကျောက်ဆည်၊ စဉ့်ကိုင်၊ ပုသိမ်ကြီး၊ မတ္တရာ စသည့်မြို့နယ်များမှ ဝင်ရောက်မှုများကြောင်း သိရရှိသည်။ ရွှေဟင်္သာသရက်သီး တစ်လုံးလျှင် (၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်)ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ သစ်သီးမျိုးစုံအရောင်းဆိုင်မှ သိရှိရပါ သည်။ ရွှေဟင်္သာ သရက်ပျိုးပင် တစ်ပင်လျှင် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဖြင့်ရောင်းချလျှက်ရှိ ကြောင်းကိုလည်း ပျိုးပင်အရောင်းဆိုင်မှ စုံစမ်းသိရှိရပါသည်။ သရက်ပင်စိုက်ပျိုးထားလျှင် တစ်မိသားစုလုံးစားသောက်နိုင်သလို ဆွေမျိုးမိတ်ဆွေများကိုလည်း လက်ဆောင်များပေးနိုင်ပါသည်။

    ရွှေဟင်္သာသရက်သီးသည် သရက်ကင်းဘဝကတည်းက အတို့အမြုပ်လုပ်၍ အကောင်းဆုံး သရက်ကင်းဖြစ်ပြီး သီးအားလည်းအကောင်းဆုံးသရက်မျိုးဖြစ်သောကြောင့် အိမ်တိုင်းစိုက်ပျိုး သင့်သည့် သရက်မျိုးလည်းဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

DOCA(မန္တလေး)