Main menu

ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတွေ့ဆုံ ဆွေးနွေး

Powered by Drupal

           ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း တို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၇) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်အသင်းရုံး၌ ဆန်စက်လုပ်ငန်းရှင်အသင်း အမှုဆောင်တစ်ဦးဖြစ်သူ ဦးအောင်သိုက်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် ပြည်တွင်းပြည်ပ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်ရန်နှင့် ဆန်စပါးဈေးနှုန်းတည်ငြိမ်မှုရှိစေရေး၊ ကြိတ်ခွဲထုတ်လုပ်မှုတွင် ခေတ်မီစက်ကိရိယာများ တပ်ဆင်အသုံးပြု၍ ပြည်တွင်းပြည်ပ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေး၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်ပါသည်။

          ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် စားသုံးသူပြည်သူများ တည်ငြိမ်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်စပါးကုန်သည်အသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)