
စားသုံးသူရေးရာဦးစီးဌဦန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၂၂) ရက်နေ့၌ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်ရှိ ကုန်သည်လုပ်ငန်းရှင်များအား ခရိုင်ဦးစီးမှူးရုံးတွင် Online Shopping ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှင်းလင်းဆွေးနွေးရာ၌ ခရိုင်းဦးစီးမှူးမှ အွန်လိုင်းစနစ်ဖြင့် ကုန်စည်/ဝန်ဆောင်မှု ရောင်းချခြင်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ www.ecomreg.com.mm တွင် မှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင် လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်း လိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက် ထားခြင်းမရှိပဲ Online မှ ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ၊ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာတွင် အမှန်တကယ်ဆောင်ရွက်မှုရှိ/ မရှိကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် အွန်လိုင်းစနစ်ကို ကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိပါကလည်း မိမိတို့ပတ်ဝန်းကျင်၌ လုပ်ကိုင်ဆောင်ရွက်သူများရှိပါက အသိပေးပြောကြားပေးရန်ဖြစ်ကြောင်း၊ ယခုအခါ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော စားသောက်ကုန်၊ လူသုံးကုန်၊ ဝန်ဆောင်မှုစသည်တို့မှာ များစွာရှိကြောင်း၊ အွန်လိုင်းစနစ်ကို မှတ်ပုံတင်ခြင်းအားဖြင့် လုပ်ငန်းလုပ်ကိုင်သူနှင့် ဝယ်ယူစားသုံးသူနှစ်ဦးနှစ်ဖက် လုံခြုံစိတ်ချရမှုရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)