
ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ ပုဇွန်ထုပ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။
ပုဇွန်ထုပ်များကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ဝယ်ယူရောင်းချကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပုဇွန်ထုပ်များသည် ဈေးကောင်းသော်လည်း ထမင်းဆိုင်များ ၊ စားသောက်ဆိုင်များနှင့် စားဖွယ်စုံ ရောင်းချသည့်ဆိုင်များမှ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုပ် ဈေးနှုန်းများအနေဖြင့် ပုဇွန်ထုပ် လက္ကားဈေး(၁)ပိဿာလျှင်(၅၈၀၀၀)ကျပ်၊ ပုဇွန်ထုပ် လက်လီဈေး(၁)ပိဿာလျှင် (၆၀၀၀၀) ကျပ်၊ ပုဇွန်ထုပ်(၅၀)ကျပ်သားလျှင်(၃၀၀၀၀)ကျပ်၊ပုဇွန်ထုပ်(၂၅)ကျပ်သားလျှင်(၁၅၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)