Main menu

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ဘိုစားပဲသီးနှင့် ခါကြက်ဥဈေးနှုန်းများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူးသီး၊ မုန်လာထုပ်၊ ပန်းမုန်လာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်းဖြစ်ပေါ်နေသော  ဘိုစားပဲသီး(၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ) (၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်နှင့် ခါကြက်ဥ(တရုတ်)(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင်(၂၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)