ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချ ပေးလျက်ရှိရာ ယခုအခါတွင် သရက်သီးစိမ်း၊ မန်ကျည်းသီးစိမ်းများကို ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချ လျက်ရှိကြောင်း သိရသည်။
ယခု ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ဈေးများအတွင်း ရောင်းချနေသည့် ဈေးနှုန်းများမျာ မန်ကျည်းသီးစိမ်း တစ်ပြည်လျှင်(၅၅၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင် (၇၀၀)ကျပ်နှင့် ၊ သရက်သီးစိမ်း အကြီး တစ်လုံးလျှင်(၇၀၀)ကျပ်၊ အသေး တစ်လုံး လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် သရက်ချဉ် ဈေးနှုန်းများမှာ သရက်ချဉ် တစ်ပိဿာလျှင် (၃၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၈၀၀)ကျပ် နှင့် သရက်ချဉ် (၁၀) ကျပ်သားလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)