Main menu

ပန်းတနော် မြို့နယ်တွင် ကုန်စည် ၁၀မျိုးနှင့် စပ်လျဉ်ူ၍ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    မအူပင်ခရိုင်၊ ပန်းတနော်မြို့ပေါ်ရှိ ဈေးဆိုင်များ၌ ကုန်စည်(၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ၈-၈-၂၀၂၅ နေ့နံနက် ၉ နာရီ အချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနမှ  တာဝန်ရှိသူများပူးပေါင်း၍ စည်ပင်သာယာဈေးကြီးနှင့် ရပ်ကွက်အတွင်း အရောင်းဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့် ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုး စသည့် ကုန်စည်အမျိုးအစား (၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ၊ မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်စည် ၁၀မျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်၍ စစ်ဆေးပြီး ကုန်အညွှန်မပါသော ကုန်စည်များကို ရောင်းချပါက တားမြစ်ချက် ကုန်စည်ကို ရောင်းခခြင်းကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ကို ဆိုင်ရှင်များအား စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)