Main menu

“ရမည်းသင်းမြို့နယ်၊ မြို့မဈေးအတွင်းဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

Powered by Drupal

                                              စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာစားကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်း များ လုပ်ဆောင်လျှက်ရှိပါသည်။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ လ ၅  ရက်နေ့ (၁၀၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့်ဝန်ထမ်းများသည်ရမည်းသင်းမြို့နယ်၊မြို့မဈေးသို့သွားရောက်၍စားသောက် ကုန်နှင့် မုန့်မျိုးစုံနှင့် လူသုံးကုန်တို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆိုင်လုပ်ငန်းရှင်များအား လက်ရှိရောင်း ချနေသော ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ် ရေးဥပဒေ (၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြလာစေရန်ရည်ရွယ်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်နှင့်ပတ်သတ်၍ ပါဝင်ရမည့် အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်(သို့) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မ တည့်ကြောင်း‌ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေထည့်သွင်း ဖော်ပြရမည် ဖြစ်ကြောင်း၊ အဆိုပါ အချက်အလက်များပါဝင်သည့် စားသောက်ကုန်နှင့် မုန့်မျိုးစုံနှင့် လူသုံးကုန်များကိုသာ ရောင်းချ သွားရန်နှင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင် မဆို စားသုံးသူ ကာကွယ်ရေးဥပဒေ ပုဒ်မ (၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ် သိန်း (၂၀၀)ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ အရေးယူမှုများပြုလုပ်နိုင် ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် နားမလည်၍ အခက် အခဲဖြစ်သော လုပ်ငန်းရှင်များရှိပါကစားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင် ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကို သိရှိလိုပါ က DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.Gov.mm တွင် ဝင်ရောက်လေ့လာ တိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)