Main menu

၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်းအိန္ဒိယနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုပမာဏ အနည်းငယ်ကျဆင်းခဲ့သော်လည်း တန်ဖိုးမြင့်တက်လာ

Powered by Drupal

            အိန္ဒိယနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ၇.၄၅ ဘီလီယံရှိပြီး ပမာဏကျဆင်းသွားသော်လည်း ပုံမှန်ဝင်ငွေအဆင့်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း Marine Product Export Development Authority (MPEDA) မှ ထုတ်ပြန်သော နောက်ဆုံးရသတင်း အချက်အလက်များအရသိရသည်။ တင်ပို့မှု ပမာဏသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က တင်ပို့ခဲ့သော ၁၇၈၁၆၀၂ မတ်ထရစ်တန်ထက် ၁၆၉၈၁၇၀ မတ်ထရစ်တန်သို့ ကျဆင်းခဲ့ပြီး ဒေါ်လာတန်ဖိုးအရ ယခင်နှစ်က ၇.၃၈ ဘီလီယံဒေါ်လာထက် ၇.၄၅ ဘီလီယံဒေါ်လာသို့ မြင့်တက်လာခဲ့သည်။ အေးခဲပုဇွန်များသည် အဓိကပို့ကုန်အဖြစ် ဆက်လက်တည်ရှိပြီး ကန်ဒေါ်လာ ၅.၁၇ ဘီလီယံရရှိခဲ့ကာ စုစုပေါင်း ပင်လယ်စာတင်ပို့မှုတန်ဖိုး၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည်။ ပုဇွန် တင်ပို့မှုပမာဏသည် ယခင်နှစ်ကတင်ပို့ခဲ့သော ၇၁၆၀၀၄ မတ်ထရစ်တန်ချိန်ထက် ၇၄၁၅၂၉ မတ်ထရစ်တန်ချိန်သို့ အနည်းငယ်မြင့်တက်ခဲ့ပါသည်။ အမေရိကန်နိုင်ငံမှ ဒေါ်လာ ၂.၇၁ ဘီလီ ယံ တန်ဖိုးရှိသော ပင်လယ်စာ ၃၄၆၈၆၈ မတ်ထရစ်တန်ချိန် ခန့်အား ပင်လယ်စာအများဆုံး တင်သွင်းသည့်နိုင်ငံအဖြစ် ရပ်တည်နေကာ တရုတ်နိုင်ငံမှ ဒေါ်လာ ၁.၂၈ ဘီလီယံတန်ဖိုးရှိ သော ပင်လယ်စာ ၃၉၆၄၂၄ မတ်ထရစ်တန်ချိန် တင်သွင်ခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဒုတိယအများ ဆုံး တင်သွင်းသည့် စျေးကွက်အဖြစ် ရပ်တည်လျှက်ရှိသည်။ ဥရောပသမဂ္ဂ၊ အရှေ့တောင် အာရှ၊ ဂျပန်နှင့် အ‌ရှေ့အလယ်ပိုင်းကဲ့သို့သော အဓိကဒေသများမှလည်း ၎င်းတို့၏ စျေးကွက် တည်ရှိမှုကို ခိုင်မာစေရန် ဆောင်ရွက်လျှက်ရှိသည် အေးခဲ့ထားသောငါးများနှင့် ပြည်ကြီးငါး များ တင်ပို့မှုသည် တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ ၆၂၂.၆၀ သန်းနှင့် ၃၆၇.၆၈ သန်းရှိပြီး ဒုတိယနှင့် တတိယအများဆုံးတင်ပို့သောပင်လယ်စာပို့ကုန်များအဖြစ် အသီးအသီး ရပ်တည် လျှက်ရှိသည်။ အေးခဲ့ထားသောကင်မွန်များတင်ပို့မှုမှာလည်း ပင်လယ်စာအခြောက်တင်ပို့မှု ကဏ္ဍတွင် ပုဇွန်တင်ပို့မှုကို ကျော်လွန်၍ ပမာဏနှင့် တန်ဖိုးတိုးတက်လာကြောင်းသိရသည်။ ပင်လယ်စာတင်ပို့မှုသည် အိန္ဒိယနိုင်ငံကုန်သွယ်မှုအတွက်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး သန်းနှင့်ချီသော အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအား အထောက်အပံ့ဖြစ်စေပြီး နိုင်ငံခြားငွေလဲလှယ်မှုကိုလည်း သိသာစွာတိုးတက်လာစေခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)