
အမေရိကန်ပြည်ထောင်စု မစ်ဆူရီပြည်နယ် ကန်းဆက်မြို့တွင် အဆုတ်ရောဂါ ဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ၎င်းရောဂါသည် ၁၉၅၀ ပြည့်နှစ်များမှစ၍ နိုင်ငံအတွင်း ဖြစ်ပွားသည့် ဖြစ်ပွားမှု အများဆုံးရောဂါဖြစ်လာခဲ့သည်။ ပြည်နယ်တစ်ခုလုံးတွင် ၂၀၂၄ ခုနှစ်တွင် ရောဂါဖြစ်ပွားသူ ၁၁၀ ဦးနှင့် အခြားသူများသို့ ရောဂါပိုးကူးစက်နိုင်ခြင်းမရှိသည့် ရောဂါအောင်းနေသူ ၆၃၂ ဦး ရှိသည်ဟု ကန်းဆက်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာန (KDHE) ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လက်ရှိတွင် ကန်းဆက်မြို့အတွင်းရှိ ပြည်သူများအကြား ရောဂါပိုးကူးစက်မှုနည်းပါးလျက် ရှိသော်လည်း ကျန်းမာရေး အာဏာပိုင်အဖွဲ့က ကူးစက်မှုကို လျှော့ချနိုင်ရေးအတွက် ရောဂါရှာဖွေ ဖော်ထုတ်မှုများကိုလုပ်ဆောင် လျက်ရှိပြီး ရောဂါဖြစ်ပွားမှု ပိုမိုဆိုးရွားလာခြင်းမရှိစေရန်အတွက် လိုအပ်ပါက ဆေးကုသမှုပေးအပ်နိုင်ရန် စီစဉ်လျက်ရှိသည်။
အဆုတ်ရောဂါ ဖြစ်ပွားမှုကြောင့်ကန်းဆက်မြို့တွင် လူနှစ်ဦးသေဆုံးခဲ့ပြီးဖြစ်သည်။ ၎င်း ရောဂါပိုးသည် ကူးစက်တတ်သော ကြောင့် ဂရုတစိုက်ကုသမှုမခံယူပါက သေဆုံးနိုင်သည်အထိ ဆိုးရွားစေနိုင်ကြောင်း၊ ရောဂါအောင်းနေသူများအနေဖြင့်လည်း ရောဂါကူးစက်ခံရသည့် လက္ခဏာများ ပြသခြင်းမရှိဘဲ တစ်ဦးမှ အခြားတစ်ဦးထံကူးစက်နိုင်သည်။ အဆိုပါကူးစက်မှုပုံစံ နှစ်မျိုးစလုံးကို ပဋိဇီဝဆေးများဖြင့် ကုသမှုခံယူပါက ပျောက်ကင်းနိုင်သည်ဟု ကျွမ်းကျင်သူများ ကပြောသည်။ အဆုတ်ရောဂါသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကတည်းက စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရောဂါကြောင့် လူသေမှုနှုန်းကျဆင်းသွားခဲ့သော်လည်း ကမ္ဘာပေါ်တွင် လူသေမှုအများဆုံး ဖြစ်ပေါ်စေသည့် ကူးစက်ရောဂါတစ်ခုအဖြစ် ဆက်လက်ရပ်တည် လျက်ရှိသည်။
DOCA (ဧရာဝတီ)