Main menu

လေဆိပ်အနီးနေထိုင်ခြင်းက နှလုံး၏လုပ်ဆောင်ချက်များကိုထိခိုက်စေသည်ဟုဆို

Powered by Drupal

          လေဆိပ်နှင့်အနီးတွင် နေထိုင်ခြင်းသည် နှလုံး၏လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်ပြီး နှလုံးရောဂါနှင့် လေသင်တုန်းဖြတ်ခြင်းတို့ ပိုမိုဖြစ်ပွားမည့်အန္တရာယ်ရှိကြောင်း လေ့လာမှုသစ် တစ်ရပ်တွင် ဖော်ပြသည်။

          လေယာဉ်အတက်၊ အဆင်းများပြားပြီး ဆူညံလွန်းသည့် လေဆိပ်များအနီးတွင် နေထိုင်သူ များသည့် ဆူညံသံများကြောင့် ပုံမှန်မဟုတ် သည့်  နှလုံးခုန်မှုများဖြစ်ပေါ်ခံစားရလေ့ ရှိပြီး     အခြားသူများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏နှလုံးလုပ်ဆောင်ချက် များမှာ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပိုမိုဆိုးရွားလေ့ရှိကြောင်း၊ အထူးသဖြင့် ဆူညံလွန်းသည့် လေဆိပ်များ အနီးတွင် နေထိုင်သူများ၏ နှလုံးရှိ ကြွက်သားသည် ပိုမိုတောင့်တင်းလာသောကြောင့် နှလုံး၏ လုပ်ဆောင်ချက်ကို  ထိခိုက်စေကြောင်း နှလုံးရောဂါဆိုင်ရာ အမေရိကန်ကောလိပ် ဂျာနယ်တွင် ဖော်ပြထားသည်။ ထို့ပြင် နှလုံး၏ ကြွက်သားပြောင်းလဲလာမှုသည် နှလုံးရောဂါဖြစ်ပွားနိုင်မှုကို လေးဆပိုမိုမြင့်တက်စေကြောင်း သုတေသီများက ပြောကြားထားသည်။

          သုတေသီများသည် ဗြိတိန်နိုင်ငံလန်ဒန်မြို့ရှိ ဟိသရိုးနှင့် ဂက်ဝစ်လေဆိပ်တို့နှင့် ဘားမင်ဟမ်၊ မန်ချက်စတာမြို့တို့ရှိ လေဆိပ်များအနီးတွင် နေထိုင်သည့်လူပေါင်း    ၃၆၀၀ ကျော် ကို  လေ့လာစစ်ဆေးသည့်  ဗြိတိန်နိုင်ငံ  Biobank ကျန်းမာရေးဆိုင်ရာ သုတေသနစီမံကိန်း မှအချက်အလက်များကို အကဲဖြတ်စိစစ်ခဲ့ခြင်းဖြစ်သည်။

DOCA (ဧရာဝတီ)