Main menu

သာစည်မြို့နယ်၌ ယခုနှစ်မိုးဖရဲများစတင်ထွက်ရှိ

Powered by Drupal

    သာစည်မြို့နယ်သည် လယ်ယာထွက်ကုန်သီးနှံမျိုးစုံအောင်မြင် ဖြစ်ထွန်းလျက်ရှိရာ ဖရဲသီးနှံကို နှစ်ပတ်လည် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ယခုစတင်ဘာလတွင်လည်း ဇွန်လက စိုက်ပျိုးခဲ့ သော ဖရဲများထွက်ရှိရာ စိုက်ခင်းအရောက် ပွဲစားများက လာရောက်ဝယ်ယူကြောင်း သိရသည်။

     ဖရဲသီးကို စိုက်ပျိုးပြီး(၃) လအကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ ဖရဲစိုက်ပျိုးရာတွင် မြေပြုပြင်ခြင်း၊ လုပ်သားခနှင့် သွင်းအားစု စုစုပေါင်း တစ်ဧကလျှင် (၆၀၀၀၀၀) ကျပ်ခန့် ကုန်ကျ ကြောင်း၊ ဈေးနှုန်းအနေဖြင့် အခင်းပြတ် ရောင်းချကြပြီး တစ်ဧကလျှင် အလုံးထွက်ရှိမှု ပေါ်မူတည် ၍(၁၀၀၀၀၀၀-၁၅၀၀၀၀၀)ခန့် ကျပ်ခန့်ဖြင့်၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအရောက် လာရောက် ဝယ်ယူကြပြီး၊ နေပြည်တော်၊ ရန်ကုန်၊ မော်လမြို့င်သို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်မိုးရာသီတွင် မိုးမပြတ် ရွာသွန်းမှုကြောင့် ဖရဲသီးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ သီးနှံထွက်ရှိမှုလှိုင်သည့်အတွက် ဈေးကွက်တွင်လည်းအဝင်လှိုင်ကာ လက်လီဈေးမှာ တစ်လုံးလျှင် (၁၀၀၀-၁၅၀၀) ကျပ်တို့ဖြင့် အရောင်းသွက်ကြောင်း သိရသည်။

DOCA(မန္တလေး)