
မန္တလေးသစ်သီးစျေးကွက်အတွင်း ရာသီစာကျွဲကောသီးများ ဝင်ရောက်မှုများပြားလျှက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ထွက်သည့်ကျွဲကောသီးများ ဝင်ရောက် မှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလစတုတ္ထပတ်အတွင်း ဖြစ်ပေါ် သည့်စျေးနှုန်းများမှာကျွဲကောသီး ၁ လုံးလျှင် အလုံး(ကြီး) ၅၀၀၀ကျပ်နှင့်၇၀၀၀ကျပ်၊ အလုံး (လတ်) ၄၀၀၀ ကျပ် နှင့် ၄၅၀၀ ကျပ်၊ အလုံး(သေး) ၃၀၀၀ ကျပ်နှင့် ၃၅၀၀ ကျပ်စျေးတို့ ဖြင့် အလုံးအရွယ် အစား အပေါ် မူတည်၍ စျေးကွာခြားမှုရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)