
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ် ရောင်းချလျက်ရှိပါသည်။ ကြက်တက်ရွက်ကို မိုးဦးကျစတွင် စတင်ပေါက်ရောက်လေ့ရှိသော အရွက်တစ်မျိုးလည်း ဖြစ်ပါသည်။ ရာသီစာ ကြက် တက်ရွက်ပြုတ်သည် လူကြိုက်များသော လဖက်အစားထိုးသရေစာတစ်မျိုးဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေ သော ကြက်တက်ရွက်ပြုတ် ဈေးနှုန်းအနေဖြင့် ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၅၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)