Main menu

ထားဝယ်မြို့အတွင်းရှိ ရေထွက်ပစ္စည်းဈေးကွက်အခြေအနေများ

Powered by Drupal

    ထားဝယ်မြို့တွင် ယခုသီတင်းပတ်အတွင်း ငါး၊ ပုစွန်များ ဈေးကျနေကြောင်း၊ ရေထွက် ကုန်များ အဝင်များပြီး ဈေးဝယ်သူနည်း၍ ဈေးကျခြင်းဖြစ်ကြောင်း ရေထွက်ကုန်များ လက်လီ/ လက်ကား ရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရပါသည်။

    စက်တင်ဘာလ ၁၆ ရက်က ထားဝယ်မြို့၏ ရေထွက်ကုန်ဈေးကွက်တွင် ငါးဒွန်းခြင်းငါး တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် တစ်ပိဿာ ၇၀၀၀ ကျပ်၊ ပါလန်းခေါ် (အာဗြဲ) ငါးတစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၅၀၀၀ကျပ်သို့ တစ်ပတ်အတွင်း ဈေးခေါက်ချိုး ကျဆင်း သွားကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။ ထို့အပြင် ငါးကွန်းရှပ်ကြီး တစ်ပိဿာ ၂၉၀၀၀ ကျပ် စျေးရှိရာမှ ယနေ့တွင် ၂၃၀၀၀ ကျပ်၊ ဖိုးထောမဲတစ်ပိဿာ ၁၃၀၀၀ကျပ်မှ ၉၀၀၀ကျပ်၊ ပုစွန်ချောကြီး တစ်ပိဿာ ၄၃၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ အသီးသီးဈေးကျသွားကြောင်း လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(တနင်္သာရီ)