
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည့် ပင်လယ်ကမ်း၊ မြစ်ချောင်းများနှင့်ထိစပ်နေသော ဒေသဖြစ်သည့်အတွက် ဒေသခံပြည်သူတို့သည် ပင်လယ်ကမ်းနီး/ကမ်းဝေး ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြပါသည်။ ငါးဖမ်းလုပ်ငန်းများအား တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြသော ကြောင့် ရေထွက်ပစ္စည်းများမှာလည်း အလွန်ပေါများ၍ စျေးနှုန်းအားဖြင့်လည်း သင့်တော်ပါသည်။
ထားဝယ်မြို့ ကမ်းနားပျံကျစျေး၊ ငါးဒိုင်ကြီးများနှင့်အခြား ရပ်ကွက်စျေးများတွင် ရောင်းချနေ သော ရေထွက်ကုန်ပစ္စည်းများအနက် စျေးနှုန်းများအရ ကင်းမွန်တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀) ခန့် စျေးရှိနေကြောင်း စျေးသည်များထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)
