
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများရှိ တောတောင်များနှင့် ဥယျာဉ်ခြံများတွင် ကြက်ပေါင်သီး အပင်များမှာ သဘာ၀အလျောက် ပေါက်ရောက်ရှင်သန်လျက်ရှိရာ ရာသီပေါ်ချိန်ကာလတွင် ဒေသခံများက မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ကြက်ပေါင်သီးများ ဆွတ်ခူး ရောင်းချလျက်ရှိကြောင်း သိရသည်။
ကြက်ပေါင်သီးများကို ဒေသခံများက သရေစာအဖြစ်လည်းကောင်း၊ ဟင်းလျာအဖြစ်လည်း ကောင်း၊ တို့စရာအဖြစ်လည်းကောင်း ပြုလုပ်စားသုံးကြကာ ဒေသကြက်ပေါင်သီး တစ်စည်းလျှင် (၃၀၀၀) ကျပ်အထိ ဈေးရရှိလျက်ရှိသည်။ ကြက်ပေါင်သီးများမှာ နွယ်ပင်မျိုးဖြစ်၍ ချဉ်သောအရသာ ရှိကာ စိုက်ပျိုးထားမှုမရှိဘဲ ဥယျာဉ်ခြံများရှိ သစ်ပင်များတွင် သဘာ၀အလျောက် တွယ်ကပ်ရှင်သန် လျက်ရှိရာ ဒေသခံဥယျာဉ်ခြံပိုင်ရှင်များက ပြုစုထိန်းသိမ်းစောင့်ရှောက်ထားကြပြီး ဆွတ်ခူးချိန်ရောက် လျှင် စနစ်တကျ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြကြောင်း သိရသည်။
DOCA(တနင်္သာရီ)
