Main menu

ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Thursday Talk အစီအစဉ် ကျင်းပဆောင်ရွက်ခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ် (၆)မြို့နယ်နှင့် Online စနစ်ဖြင့် ဆောင်ရွက်သော Thursday Talk ဟောပြောခြင်းကို (၂၇.၉.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၁၈)ဦးတက်ရောက်ခဲ့ပြီး Online Virtual စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏လုပ်ငန်းစဉ်များ၊ ဝန်ထမ်းနှင့် ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိပညာများ၊ ရုံးလုပ်ငန်း၏အခြေခံသဘောတရားများ  အမြဲမပြတ်ကြိုးစားသင်ယူလေ့လာရန်၊ ဌာန၏ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို သိရှိစေခြင်းရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ ခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရေးအတွက် ဝန်ထမ်းနှင့်ရုံးလုပ်ငန်းဆိုင်ရာ တာဝန်ဝတ္တရားများနှင့် အသိပညာများအမြဲမပြတ် ကြိုးစားသင်ယူလေ့လာရန်၊ ဌာန၏ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို သိရှိစေခြင်း၊ ပြည်သူများနှင့် ထိတွေ့ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြင့်မားလာစေခြင်း၊ မိမိဌာန၏လုပ်ငန်းတာဝန်များအပြင် အခြားဌာနခွဲများ၏ လုပ်ငန်းတာဝန်များကိုလည်းသိရှိဆောင်ရွက်နိုင်စေရန် လေ့လာသင်ယူရန်  လိုအပ်ကြောင်း ကိုလည်းကောင်း၊ ဆက်လက်၍ လေးမျက်နှာမြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် ဖော်ပြရမည့်  အချက်အလက်များ၊  တားမြစ်ချက်များနှင့်  ပြစ်မှုပြစ်ဒဏ်များအကြောင်း  စသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)