
မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ စန္တဝတ်ကျေးရွာအုပ်စုရှိ ရွေမြန်အောင် စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီသတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချနေခြင်းရှိ/မရှိနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး စားအုန်းဆီလက်ကျန်အခြေအနေ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူးများ၊ ရေစုတ်စက်များ၊ ရေပိုက်များကောင်းမွန်စွာ စံနစ် တကျထားရှိခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)
