Main menu

ပြည်နယ်ဦးစီးမှူးရုံး၌ မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online- My RO) တွင် ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

     ၃၁.၁၀.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၃၀) ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံး၌ “မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online- My RO) တွင် ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲ” ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်တာဝန်ခံများ၊ ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး သထုံခရိုင်နှင့် ကျိုက်ထိုခရိုင်မှ လုပ်ငန်းရှင်များမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

          အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက My RO တွင် ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက် လာသူများမှ ဆွေးနွေးခဲ့ကြပြီး ဖော်ထုတ်ချက် (၇) ချက် ရရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)