Main menu

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ရာသီစာ ချဉ်ပေါင်ဖူးဈေးနှုန်း

Powered by Drupal

          ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီပေါ်အသီးအနှံများကို ရောင်းချလျက်ရှိရာ ပေါ်ဦးပေါ်ဖျားဖြစ်သည့် ရာသီစာ ချဉ်ပေါင်ဖူးများကိုလည်း ရောင်းချလျက်ရှိပါသည်။ ချဉ်ပေါင်ဖူးမှာ ချဉ်ပေါင်ပင်မှ သီးသည်ဖြစ်၍ အညာအစားအစာဖြစ်သည့် ရာသီစာချဉ်ပေါင်ဖူးကို မြေပဲဆံ၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်တို့ဖြင့်ထောင်းကာ အချဉ်သုပ်အဖြစ်သော်လည်းကောင်း၊ ချိုချဉ်အရဿာဖြစ်အောင် ချဉ်ပေါင်ဖူးကိုအခြောက်လှမ်းပြီး သကြားနှင့် ယိုထိုးကာ ချဉ်ပေါင်ယိုသော်လည်းကောင်း စားသုံးကြပါသည်။ ပေါ်ဥပါ်ဦးဖျား ချဉ်ပေါင်ဖူးဈေးနှုန်းမှာ (၅)ကျပ်သားလျှင် (၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း အသီးအနှံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)