Main menu

စားသုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

          စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

          ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၅)ဆိုင်ရှိပြီး နိုဝင်ဘာလ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၉၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု နိုဝင်ဘာလ ‌နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၉၅၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် နှမ်းဆီသန့် တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး၊  စားအုန်းဆီနှင့် ပဲဆီသန့်  တစ်ပိဿာဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီလက်ကား အရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)