Main menu

မုံရွာမြို့ပေါ်တွင် ရောင်းချနေသော သစ်သီးဈေးနှုန်းများ

Powered by Drupal

 

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ရှမ်းပြည်နယ်မှ ဝင်ရောက်သည့် ပန်းဖယ်လိမ္မော်သီး၊ ဂျပန်ပျားလိမ္မော်သီးနှင့် မော်လမြိုင်ဒေသထွက် မင်းကွက်သီးများ၊ ဆန်းကစ်သီး နှင့် ကဗ္ဗလာသီးများကို ရောင်းချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ခုနှစ် ၊ ဒီဇင်ဘာလတတိယပတ်တွင် မုံရွာမြို့၊ ကျောက္ကာလမ်းဘေး တစ်လျှောက် ရှိ  သစ်သီးဆိုင်များတွင် ဂျပန်ပျား လိမ္မော်သီး ဈေးနှုန်းမှာ (၅၀)ကျပ်သားလျှင် (၆၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ပန်းဖယ်လိမ္မော်သီး ၂၅ ကျပ်သား (၂၀၀၀)ကျပ်၊ ၅၀ ကျပ်သား (၄၀၀၀) ကျပ် နှင့် ၁ ပိဿာလျှင် (၈၀၀၀) ကျပ်၊ ဆန်းကစ် သီးဈေးနှုန်းမှာ ၂၅ ကျပ်သား (၁၈၀၀)ကျပ်၊ ၅၀ကျပ်သား (၃၅၀၀)ကျပ်နှင့် ၁ပိဿာလျှင် (၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ မင်းကွက်သီးအသေး (၁) လုံးလျှင် (၆၀၀) ကျပ်၊ အလတ် ( ၁ ) လုံးလျှင် (၈၀၀) ကျပ်နှင့် အကြီး ( ၁ )လုံးလျှင် (၁၆၀၀) ကျပ်ဖြင့် လည်းကောင်း၊ ကဗ္ဗလာသီး တစ်ပိဿာလျှင် (၆၀၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကဗ္ဗလာသီး