
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိက အစားအစာသည် ဖွဲနုများဖြစ်သည်။သာယာဝတီခရိုင်အတွင်းရှိဆန်စက်များကြိတ်ခွဲ ထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိ ကြောင်း နှင့် အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။အောက်တိုဘာလနောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၄၅၀/ ကျပ်ဖြစ်ပြီး၊ဖွဲနု ၆၅ ပေါင် တစ်အိတ် လျှင် ၂၆၆၅၀/ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခု နိုဝင်ဘာလ နောက်ဆုံးပတ်တွင်လည်း ဖွဲနုတစ်ပေါင် ၄၅၀ ကျပ်ပေါက်ဈေး ရှိနေကြောင်း၊ဖွဲနု ၆၅ ပေါင် တစ်အိတ်လျှင် ၂၆၆၅၀ ကျပ် ဈေးဖြင့်လက်လီရောင်းချရကြောင်း၊ ဖွဲနုဈေးကွက်အနေဖြင့် ယခင်လနှင့် ယခုလ ဈေးနှုန်း နှိုင်းယှဉ်ပါက ဒေသလိုအပ်ချက်အရ ဈေးအပြောင်းအလဲမရှိ ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
