Main menu

ညောင်တုန်းမြို့နယ်တွင် ပြည်သူများအား သင်တင့်မျှတသော ဈေးဖြင့် ဆန်များရောင်းချပေးလျက်ရှိ

Powered by Drupal

        ၂၈.၁၁.၂၀၂၅ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင်‌ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဆန်စက် အသင်းရုံးရှေ့တွင် ရပ်ကွက်နေပြည်သူများအား ဒုတိယနေ့အဖြစ်  ဧရာဝတီ ပေါ်ဆန်းဆန်နှင့် ဆင်းသုခဆန်များအား နေ့စဉ် ဆက်လက်၍ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

       ထိုသို့ရောင်းချရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များအသင်းနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကြီးကြပ်မှုဖြင့် ညောင်တုန်းမြို့နယ်ဆန်စက် အသင်းရုံးရှေ့တွင် ရပ်ကွက်နေပြည်သူများကို ဧရာဝတီပေါ်ဆန်း ၃အိတ်၊ ဧည့်မထဆန် ၈ အိတ်ကို ဧရာဝတီပေါ်ဆန်း ၁ပြည် (၅၀၀၀)ကျပ်၊ ဧည်မထဆန် ၁ပြည် ၂၅၀၀ကျပ်ဖြင့် ရောင်းချပေးနေပြီး ပြည်သူများ အား လွပ်လပ်စွာဝယ်ယူလျက်အားပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ မြို့နယ်တွင်း ဆန်ဆန်ကြီးများအား မိမိတို့လက်ဝယ်တွင် ရောင်းချရန် သိုလှောင်ထားသော ပေါ်ဆန်းဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ် ထုတ်ရောင်းပေးရန်နှင့် သိုလှောင်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ (လုံးဝ) မပြုလုပ်ရန် အသိပေးထားကြောင်း သိရှိရပါသည်။

 DOCA(ဧရာဝတီ)