Main menu

“ကော့မှူးမြို့နယ်အဖျောက်ကျေးရွာရှိနေကြာစံပြကွက်စိုက်ခင်း၏ (၂၅) ဧကတွင် ထွန်စက်ဖြင့် ထွန်ယက်နေမှုအခြေအနေကွင်းဆင်းလုပ်ငန်းဆောင်ရွက်”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အဖျောက်ကျေးရွာအုပ်စု ကွင်းအမှတ်(၂၇၇)၊ ဦးပိုင်အမှတ် (၁/၁)ဧရိယာ (၂၅)ဧကတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးရိတ် သိမ်းခြွေလှေပြီးသော ဧရိယာစိုက်ဧကများအား နေကြာစံပြကွက် (၂၅)ဧက စိုက်ပျိုးနိုင်ရန်အတွက် ဒီဇင်ဘာလ(၁)ရက်နေ့တွင် ထွန်စက်ကြီးဖြင့် စတင်ထွန်ယက်နေကြောင်း သိရှိရပါသည်။

         ထိုသို့ ထွန်ယက်နေမှု အခြေအနေအား မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့မှ မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးတင့်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦး၊ စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့သည် အဖျောက်ကျေးရွာအုပ်စုရှိ တောင်သူဦးစန်းလွင်ပါ လယ်သမား(၄)ဦး၏ လယ်ယာမြေပေါ်တွင် နေကြာစံပြကွက် (၂၅)ဧကအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ထွန်စက်ဖြင့် စတင်ထွန်ယက်နေမှု အခြေအနေအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)