Main menu

ဧည်မထ ဆန်ဟောင်း အနည်းငယ်မြင့်တက်၍ ဆန်အသစ်နှင့် ဧရာဝတီပေါ်ဆန် အနည်းကျဆင်း  ဆန်ကွဲ၊ ဖွဲ့နု ဈေးနှုန်းတည်ငြိမ်လျက်ရှိ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှု တွင် ဒေသတွင်း စိုက်ပျိုးထွက်ရှိသော ဆန်များကို ဆန်စက်များမှ ဝယ်ယူ၍ ရောင်းချနေပြီး ပြည်တွင်း စားသုံးပိုလျှံသော ဆန်များကို ရန်ကုန်သို့ ကုန်ထုတ်ပြေစာနှင့်အတူ တင်ပိုလျက်ရှိကြောင်း သိရသည်။

    မအူပင်ခရိုင် အနေဖြင့် (၁.၁၂.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ် အိတ် ၆၆၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၄၈၀၀ဝကျပ် ၊ ဧရာဝတီပေါ်ဆန်းမွှေး (ဟောင်း) ဆန်တစ် အိတ် ၁၅၅၀၀ဝကျပ် ၊ ဧရာဝတီပေါ်ဆန်းမွှေး (သစ်) တစ်အိတ် ၁၃၃၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၂၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၃၈၀၀ဝ ကျပ် နှင့် ဖွဲနုတစ်အိတ် ၂၃၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ပါသည်။ 

    (၁.၁၁.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅၀၀၀ကျပ်ဖြစ်၍ (၁၀၀၀)ကျပ်မြင့်တက်လာခြင်း၊  ဧည့်မထဆန်(မနောသုခ) (သစ်)တစ်အိတ် ၅၀၀၀ဝကျပ်ဖြစ်၍ (၂၀၀၀)ကျပ် ကျဆင်းလာခြင်း၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၅၄၀၀ဝကျပ် ဖြစ်၍ (၁၀၀၀) ကျပ်မြင့်တက်၊ ဧရာဝတီပေါ်ဆန်း(သစ်) ၁၃၄၀၀၀ကျပ်ဖြစ်၍ (၁၀၀၀)ကျပ်ကျဆင်း ၊ဆန်ကွဲB(1,2) တစ်အိတ် ၄၂၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၃၈၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၃၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ပုံမှန် ဖြစ် လျက်ရှိပါသည်။

    ယခုတစ်ပတ်နှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၁၀၀၀ကျပ် ဈေး မြင့်တက်၍ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၂၀၀၀ ကျပ်ကျဆင်း၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၀၀ဝ ကျပ် မြင့်တက်ပြီး ၊ ဧရာဝတီပေါ်ဆန်း အသစ် တစ်အိတ် ၁၀၀၀ကျပ် ကျဆင်းပြီး ဆန်ဟောင်းဝယ်လိုအား များပြီး ဆန်သစ် ဝယ်လိုအား နည်းနေခြင်းကြောင့် ဖြစ်ကြောင်း ကျန် ဆန်ကွဲB(1,2)၊  ဆန်ကွဲB(2,3,4)နှင့် ဖွဲနု ဈေးများတည်ငြိမ် လျက်ရှိပါသည်။ ဒေသတွင်း စိုက်ပျိုးထွက်ရှိသော ဆန်များကိုသာ ရောင်းချနေပြီး MRF မှ လစဉ်ထုတ်ပြန်ကြေငြာချက်အပေါ်တွင် အမြတ် ၂ရာခိုင်နှုနးဖြင့်သာ ရောင်းချပေးလျက်ရှိကြောင်းနှင့် မြို့နယ်တွင်း ပြည်သူများအတွက်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ဌာနဆိုင်ရာမျာမှ ပြည်သူများအား သက်သာသောဈေးဖြင့် ဆန်များကို ရောင်းချစီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)