Main menu

လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

   ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီး ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း များမှာ Octane(92) တစ်လီတာလျှင် (၃၃၅၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၄၃၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၃၈၉၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၃၇၅) ကျပ်ဖြင့် ရောင်းချနေကြောင်းသိရပါသည်။

   ယခင်တစ်ပတ်ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၄၆၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၅၃၅)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၃၉၅၅)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီ တာလျှင် (၃၄၁၅) ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီ တာလျှင် (၁၁၀)ကျပ်၊ Octane(95)တစ်လီတာလျှင် (၁၀၅)ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် (၆၅)ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် (၄၀)ကျပ်စီဖြင့်  ဈေးနှုန်းများကျဆင်းသွာကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ကယား)