Main menu

ဘားအံမြို့ ရေပေါ်ဈေးရှိထောပတ်သီးဈေးနှုန်း

Powered by Drupal

  ၂၀၂၅ ခုနှစ်၊ အောင်တိုဘာလဆန်းပိုင်းမှစ၍ ကရင်ပြည်နယ်၊ဘားအံမြို့ပေါ်ရှိဈေးများသို့ ရှမ်းပြည်နယ်၊တောင်ကြီး၊အောင်ပန်း၊ကလော စသည်တောင်ပေါ်ဒေသထွက် ထောပတ်သီးများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။        

   ထောပတ်သီးတွင် ဗီတာမင် k၊ ဗီတာမင် C၊ ဗီတာမင် B5၊ ဗီတာမင် B6၊  ဗီတာမင် Eတို့ အပြင် အခြား ဗီတာမင်ဓါတ်တွေလည်းများစွာပါဝင်ပါသည်။ ထောပတ်သီးစားသုံးခြင်းဖြင့် အဆီ ကျစေခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ ကိုယ်အလေးချိန်ကိုလျော့ချစေခြင်း၊ ဆံသားနှင့် အရေပြားကိုကျန်းမာစေခြင်း၊ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပြီး ဝမ်းမှန်စေခြင်း စသည့် အကျိုးကျေးဇူးများကိုရရှိ ပါသည်။

          ဒီဇင်ဘာလပထမပတ်၏ ထောပတ်သီးဈေးနှုန်းမှာ ဒေသသီး တစ်ကီလိုလျှင် (၅၀၀၀၊ ၆၀၀၀)ကျပ်၊ နိုင်ငံခြားမျိုး(Hass)သီး တစ်ကီလိုလျှင်(၆၀၀၀၊၈၀၀၀)ကျပ်တို့ဖြင့် အသီးသီး အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)