Main menu

ဒေသထွက်ကန်စွန်းရွက်နှင့်ချဉ်ပေါင်ရွက်ဈေးနှုန်း

Powered by Drupal

 ပွင့်လင်းရာသီ ဒီဇင်ဘလပထမပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဒေသထွက် ကန်စွန်းရွက်နှင့်ချဉ်ပေါင်ရွက်များဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ဒေသထွက် ကန်စွန်းရွက်နှင့်ချဉ်ပေါင်ရွက်များကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် တနိုင်တပိုင်စိုက်ပျိုးကြတလို စီးပွားဖြစ်လည်းစိုက်ပျိုးကြပြီး မိမိစိုက်ခင်းမှထွက်ရှိသော ကန်စွန်းရွက် နှင့်ချဉ်ပေါင်ရွက်များကို ဘားအံမြို့ပေါ်ဈေးသို့အဓိကလာရောက်ရောင်းချကြသည်။ ဒေသထွက် ကန်စွန်းရွက်နှင့်ချဉ်ပေါင်ရွက်ဈေးနှုန်းများမှ ကန်စွန်းရွက်တစ်စည်းလျှင်(၇၀၀)ကျပ်နှင့်ချဉ်ပေါင်ရွက် တစ်စည်းလျှင်(၅၀၀)ကျပ် တို့ဖြင့် ရောင်းချကြောင်း သိရသည်။

DOCA(ကရင်)