
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဘားအံမြို့ပေါ်ရေပေါ်ဈေးအတွင်း ဒေသထွက် အာတာလွတ်ဥများနှင့်အခြားမှ ဝင်ရောက်လာသောအာတာလွတ်ဥများ ဈေးကောင်းရလျက်ရှိ ကြောင်း သိရသည်။
မြန်မာအစားအစာထဲတွင် နေရာတစ်နေရာယူထားသည့် အာတာလွတ်ဥမှာလည်း ဆေးဖက် ဝင်ကြောင်းသိရသည်။ အာတာလွတ်ဥတွင် သတ္တုဓာတ်၊ အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်များ ပါဝင် သည့်အတွက် အာဟာရပြည့်စုံ၍ ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေသော သီးနှံတစ်မျိုးဖြစ်ပေသည်။
ဘားအံမြို့ရှိ ဈေးများပေါ်တွင် အာတာလွတ်ဥကို အရွယ်အစားအလိုက် အတာလွတ်ဥကြီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ အာတာလွတ်အသေး တစ်ပိဿာလျှင် (၄၀၀၀၊၅၀၀၀)ကျပ်၊ နှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)
