
ကရင်ပြည်နယ်၊ ဘားအံမြို့၏ ဈေးကွက်တွင် ဘူးသီးများ ဈေးနှုန်းအနည်းငယ်ကျလျက်ရှိကြောင်း သိရသည်။ ဘူးသီးကို ဘားအံမြို့ အနီးတစ်ဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်စိုက်ပျိုးကြပါသည်။ ဘူးသီးကို ဟင်းနှင့်ဟင်းချိုအဖြစ်ချက်ပြုတ်စားကြသလို အကြော်ဆိုင်များတွင် အကြော်ကြော်၍ ရောင်းချကျသောကြောင့် ဝယ်ယူမှုများပြီးစိုက်ပျိုးတောင်သူ အတွက် အပိုဝင်ငွေတိုးစေပါသည်။ ဘူးသီးကို အလုံးအရွယ်အစားအလိုက် ဈေးနှုန်းခွဲခြားရောင်းချ ကြသည်။ ဘူးသီးအလုံးကြီးဈေးနှုန်း တစ်လုံးလျှင်(၅၀၀၀)ကျပ်၊ ဘူးသီးအလုံးလတ်ဈေးနှုန်း တစ်လုံး လျှင်(၃၅၀၀)ကျပ်၊ ဘူးသီးအလုံးသေးဈေးနှုန်း တစ်လုံးလျှင် (၂၀၀၀)ကျပ်တို့ဖြစ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)
