Main menu

မိတ္ထီလာခရိုင်အတွင်း ဆန်ဈေးနှုန်းမှန်ကန်ရေးဆွေးနွေးပွဲပြုလုပ်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အနေဖြင့် ဆန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို လစဉ်ကျင်းပပြုလုပ်လျက်ရှိရာ ဒီဇင်ဘာလ (၂) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးတွင် ဆန်ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။

          ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ မိတ္ထီလာမြို့နယ်တွင် ဆန်ပွဲရုံများစွာရှိပြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ်များမှာ ၎င်းပွဲရုံများမှတဆင့် ဝယ်ယူရောင်းချကြကြောင်း၊ ထို့အတွက် ဆန်ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းဖွဲ့မှထုတ်ပြန်သည့် ဈေးကွက်အတွင်း အဓိကရောင်းဝယ်နေသော ဆန်အမျိုးအစား၊ အဆင့်အတန်းအလိုက်ဈေး နှုန်းမျာအတွင်းသာ ရောင်းချကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ မိတ္ထီလာမြို့ရှိ ဆန်ပွဲရုံပိုင်ရှင် (၁၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)