Main menu

“ မိတ္ထီလာစျေးကွက်မှ အခြားဒေသများသို့ ကြက်သွန်နီတင်ပို့မှုနည်း”

Powered by Drupal

        နိုဝင်ဘာလကုန်ပိုင်းအတွင်း မိတ္ထီလာစျေးကွက်မှ အခြားဒေသများသို့ ကြက်သွန်နီတင်ပို့မှုနည်းနေသေးကြောင်းသိရသည်။ စျေးကွက်အတွင်း ယခုအခါ ယခင်နှစ် ဆောင်းကြက်သွန်နီအဟောင်းလက်ကျန်များမရှိတော့ဘဲ မိုးကြက်သွန်နီအသစ်များသာ အရောင်းအဝယ်ရှိနေပါသည်၊၊ မိုးကြက်သွန်နီကို မြို့နယ်အတွင်း စိုက်ပျိုးမှုမရှိသ‌လောက်နည်းပါးသဖြင့် မလှိုင်၊ မြင်းခြံ၊ တောင်သာ၊ မြစ်သားတို့မှတင်သွင်းကြောင်းသိရသည်။ ‌ဒေသတွင်း ထွက်ရှိမှုနည်းသောကာလဖြစ်၍ နယ်ဝေးအခြားဒေသများသို့ တင်ပို့မှုမှာလည်း နည်းရာ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ရန်ကုန်သို့ (၁၂) ဘီး ကား (၂) စီးကုန်ချိန် (၃၄) တန်နှင့် ပဲခူးသို့ (၆) ဘီးကား (၄) စီး ကုန်ချိန် (၂၈) တန် ဝန်းကျင်တင်ပို့နိုင်ခဲ့ကြောင်း တင်ပို့ရောင်းချသူများထံမှသိရသည်။ ကုန်တင်ခနှုန်းထားအနေဖြင့် ယခင်ကနှင့်များစွာပြောင်းလဲမှုမရှိဘဲ တစ်ပိဿာလျှင် ရန်ကုန်သို့ ၁၁၀ိ/- နှင့် ပဲခူးသို့ ၁၀၀ိ/- ရှိကာ ကြက်သွန်နီ လက္ကားစျေးမှာလည်း ပြောင်းလဲမှုများစွာမရှိဘဲ တစ်ပိဿာလျှင် ၂၈၀၀ိ/- မှ ၃၀၀၀ိ/- ရှိကြောင်းသိရသည်၊၊ ကြက်သွန်နီ လက်လီစျေးကတော့ အရွယ်အစားအပေါ် မူတည်ပြီး တစ်ပိဿာလျှင် ၂၈၀၀ိ/- မှ ၃၆၀၀ိ/- ၄၀၀၀ိ/- အထိ ရှိကြောင်းသိရသည်။

DOCA(မန္တလေး)