Main menu

ဝက်လက်မြို့နယ်၏ ဖရဲသီးဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်သည် ကျေးရွာအုပ်စုပေါင်း (၆၉)အုပ်စုနှင့် ရပ်ကွက် (၃)ခုဖြင့် ဖွဲ့စည်းထားသော မြို့နယ်တစ်ခုဖြစ်ပါသည်။ ဝက်လက်မြို့ပေါ်အပြင် လမ်းပန်းဆက်သွယ်မှုနှင့် အချက်အခြာကျသော နေရာများဖြစ်သည့် ရွာသာကြီးကျေးရွာ၊ ရှိမ္မကားကျေးရွာ၊ လှတောကျေးရွာ၊ ရွှေပန်းကုံးကျေးရွာနှင့် ဟံလင်းကျေးရွာများတွင် ဈေးများတည်ရှိပြီး စည်ကားသိုက်မြိုက်စွာ ရောင်းဝယ်ကြလျက်ရှိပါသည်။

      ဝက်လက်မြို့ပေါ်တွင် မြို့မစည်ပင်သာယာဈေးရှိပြီး ဈေးကြီးအတွင်းတွင် သစ်သီးဆိုင် (၅) ဆိုင်နှင့် ဈေး၏အပြင်ဘက်တွင် သစ်သီးဆိုင်(၄)ဆိုင်ရှိပါသည်။ ကျေးရွာအသီးသီးမှ ဒေသခံပြည်သူ များသည် ဝက်လက်မြို့ပေါ်သို့ ထွေလာဂျီများ၊ ဆိုင်ကယ်များ၊ ဆိုက်တွဲများနှင့် ခွေးဘီလူးကားများ ဖြင့် ဈေးရောင်း/ ဈေးဝယ်လာကြပါသည်။ ဈေးကို နံနက် ၆:၀၀နာရီမှ ညနေ ၁၆:၀၀နာရီထိ ဖွင့်လှစ်ရာ နံနက် ၆:၀၀နာရီမှ ၁၀:၀၀နာရီတွင် ဈေးရောင်း/ ဈေးဝယ်များ စည်းကားစွာ ရောင်းချရပြီး နံနက် ၁၁:၀၀နာရီမှ နေ့လယ် ၁၄:၀၀နာရီသည် ဈေးကွဲချိန်ဖြစ်ပါသည်။

       သစ်သီးဆိုင်များတွင် ဖရဲသီး၊ လိမ္မော်သီး၊ ပျားလိမ္မော်သီး၊ မာလကာသီးများကို ရောင်းချလျှက်ရှိရာ ယခုရာသီတွင် ဖရဲသီးကို တွင်ကျယ်စွာရောင်းချရကြောင်း၊ ဖရဲသီးကို ပခုက္ကူမြို့နှင့် မုံရွာ မြို့အနီးရှိ ကျေးရွာများအပြင် အရာတော်မြို့နယ်တွင်လည်း သွားရောက်ဝယ်ယူရပြီး အသီးများရှိရာ စစ်ကိုင်းနယ်တွင်လည်း သွားရောက်ဝယ်ယူရကြောင်း သိရှိရပါသည်။ ဖရဲသီးသည် တပို့တွဲလ၊ တပေါင်းလနှင့် တန်ခူးလများတွင် လှိုင်လှိုင်ပေါ်ကြောင်း၊ ကဆုန်လ၊ နယုန်လနှင့် ဝါဆိုလများတွင် ခေတ္တနားရပြီး ကျန်သောလများတွင် ရောင်းချရသော အသီးဖြစ်ပါသည်။

ဖရဲသီးကို အမည်အမျိုးမျိုးဖြင့် တစ်ရွာတစ်ပုဒ်ဆန်းခေါ်ဆိုကြကြောင်း၊ မော်တော်သီး၊ အစေ့မနစ်သီး (ခေါ်)အကြားသီး၊ ဟီးနိုးသီး၊ 855 ဟူ၍ ခေါ်ဆိုကြောင်း၊ မော်တော်သီးသည် အခွံထူပြီး အထားမခံကြောင်း၊ အစေ့မနစ်သီးသည်  ချိုပြီး လူကြိုက်များကြောင်း၊ ယခုရောင်းဈေးမှာ အစေ့မနစ်သီး တစ်လုံးလျှင် ၁၀၀ဝိ/၊ ၁၂၀ဝိ/၊ ၁၅ဝဝိ/ ဟူ၍ ဈေးနှုန်း အစားစားရှိကြောင်း၊ 855သီးတစ်လုံးလျှင် ၂၅ဝဝိ/မှ ၃၅ဝဝိထိ ရောင်းရကြောင်း၊ ယခုရာသီတွင် အစေ့မနစ်သီးကို အများ ဆုံးရောင်းချရကြောင်း၊ မြို့နယ်အတွင်းရှိ ဈေးရောင်း/ဈေးဝယ်လာကြသူများ၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်များနှင့် ဖရဲသီးများကို ဝယ်ယူကာ ခွေးဘီလူးကားများဖြင့်  ရွာစဉ်လှည့်လှည်ရောင်းချသူများမှလည်း ဝယ်ယူကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)