
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည်၂၀၂၆ ခုနှစ်၊ မတ်(၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကောင်းရွှေပြည်သော်ဆန်စက်ရှိလုပ်သားပြည်သူ(၁၉)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာ၀န်ခံက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏တာဝန်နှင့် ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူများသာမက ကုန်စည်၀န်ဆောင်မှု ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေးကိစ္စရပ်များနှင့် ပတ်သက်သိရှိလိုသည်များကိုမည်သူမဆိုcallcenter1535သို့မေးမြန်းနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
